Killing Me Softly Movie

Killing Me Softly Movie(2002)
Alice လို မိန်းမလှလေးအနေနဲ့ ဒီလိုလူတစ်ယောက်နဲ့ပဲ အတူနေပြီး ဘဝကိုအတူနေထိုင် ချစ်တင်းနှီးနှော နောက်နေ့အလုပ်သွား အဲလိုမျိုးနဲ့ ဘဝဟာ အဓိပ္ပါယ်ရှိလောက်ပြီလို့ ရည်ရွယ်ရင်းရှိပုံပါ။ လက်ရှိအတူနေရည်းစားက ခပ်အေးအေး လိင်မှု ကိစ္စမှာလည်း သမားရိုးကျဆိုတာထက် အလုပ်တစ်ခုလို အိပ်ယာပေါ်တက်ချိန်လောက်ပဲ ချစ်ဗျူ ဟာခင်း အိပ်မောကျမယ်။နောက်နေ့သူလိုအလုပ်သွားမယ်။ဆိုရရင်စာအုပ်ကြီးသမားပုံစံပေါ့။Alice လိုချင်တဲ့ယောက်ျားသားမျိုးက မရိုးနိုင်တဲ့ ချစ်တင်းနှီးနှောဖလှယ်မှုတွေနဲ့ စိတ်လှုပ်ရှားမှု အပြည့်ပေးစွမ်းနိုင်တဲ့ သူမစိတ်ခန္ဓာတစ်ခုလုံး သိမ်းကျုံးမျောပါးသွားစေလောက်တဲ့အထိ ဆွဲဆောင်မှု အတတ်ပညာပြည့်ဝတဲ့ ယောက်ျားသားတစ်ယောက်ကို စိတ်ကူးယဉ်တမ်းတနေသလားတော့မသိဘူး။လက်ရှိနေထိုင်မှု အပေါ်ကိုတော့ ငြီးငွေ့စပြုနေတာ သေချာပါတယ်။ပြောလို့သာပြောရတာ အထက်ကဆိုခဲ့တဲ့ ချစ်ဗျူ ဟာခင်းတာလည်းကျွမ်းကျင် ရုပ်ရည်ကလည်းဆွဲဆောင်မှုအပြည့် ယောက်ျားပီသလှတဲ့ ပုရိသမျိုးဆိုတာကလည်း ခပ်ပေါပေါအချစ်ဖန်စီစာအုပ်တွေနဲ့အပြာစာအုပ်တွေထဲလောက်ပဲတွေ့နိုင်တာမဟုတ်လား။ဒါပေမယ့် Aliceမှာ မထင်မှတ်ဘဲ စိတ်လှုပ်ရှားမှု အပြည့်တွေနဲ့ပဉ္စလက်ဆန်လှတဲ့ဘဝနေထိုင်မှုတွေရှိနေတဲ့ Adam ဆိုတဲ့ ယောက်ျားပျို တစ်ယောက်နဲ့ ဆုံဆည်းဖို့ကံကြုံ လာရတော့တယ်။သူ့ရဲ့အကြည့်တွေဟာ Alice တစ်ကိုယ်လုံးက အသွေးအသားတွေထွက်ကျ ဆွဲပါသွားသလိုမျိုး ဖြစ်အောင်ပဲ ညှို့ အားပြင်းထန်လွန်းလှတယ်။Aliceမှာ စတွေ့တဲ့နေ့က ဘတ်စကားမှတ်တိုင်နားမှာ အလုပ်လည်းမလုပ်နိုင်။သူ့အကြောင်းတွေးပြီး အမှားမှားအယွင်းယွင်းတွေဖြစ်နေရတယ်။တရုတ်ကပ်ကလေးကို ခဏခဏလှပ်ပြီး လမ်းပေါ်မှာ သူရှိနေသလား ချောင်းကြည့်မိတာလည်း အကြိမ်ကြိမ်။တကယ်တော့ Adamဖြစ်သူကလည်း တနေ့တာလုံး သူမရုံးဆင်းချိန်ရောက်တဲ့ တိုင်အောင် စာင့်ဆိုင်းနေတာပဲလေ။

သူတို့ဆီက အချစ်ရဲ့အဓိပ္ပါယ်ပုံဖော်မှုက ကိုယ်တွေဆီကလို မိဘအရိပ်မှာနေရတာမို့။ဘယ်လိုစံနဲ့မှ ကိုယ်လက်နှီးနှောမှုကို ခွင့်ပြု တာတို့။သုံးနှစ်သုံးမိုးပြည့်ပြီး မင်္ဂလာဦးညမှ အပျို စင်ဘဝကို စွန့်လွှတ်မယ်တွေ ဘာတွေမှ မရှိတာဘဲ။One Nightstand ဆိုတာ ညကလပ်ထဲမှာတင် တွေ့တဲ့တယောက်ယောက်နဲ့ အိပ်ချင်အိပ်လိုက်တာပဲ မဟုတ်လား။သမားရိုးကျ လိင်မှု ဘဝမှာ ငြီးငွေ့ရင်းစွဲရှိတဲ့ Alice ဟာ Adamနဲ့ တွေ့တွေ့ချင်းမှာပဲ သူ့ရဲ့ပြင်းထန်ကြမ်းတမ်းလွန်းတဲ့ သူမခန္ဓာအပေါ် တပ်မက်လွန်းအားကြီးပုံပေါက်နေတဲ့ ချစ်တင်းနှီးနှောမှုအောက်မှာ စွဲဝင်ပြီး နက်နက်ရှို င်းရှိုင်း စွဲလန်းသွားတော့တယ်။အိမ်ပြန်လိုက်ချိန်မှာတော့ အိမ်ကစာအုပ်ကြီးနဲ့ လိင်မှု ဖလှယ်ရမှု အပေါ်မှာ စိတ်ကမထကြွတော့တာ Alice အနေနဲ့ စိတ်မကောင်းဖြစ်မိရတယ်။ဒါကလည်း သူမရဲ့တကိုယ်ရည်စိတ်ပိုင်းဆိုင်ရာရဲ့ နှစ်သက်သဘောကျရာအလိုက် နှစ်သက်ခံစားပိုင်ခွင့်ရှိသွားတာ အပြစ်မှမဟုတ်တာဘဲလေ။Aliceသဘောကျတဲ့ အချစ်သင်္ကေတက Adamလို ပြင်းပြတဲ့အချစ်တွေမျိုးပဲ ဖြစ်နေတာကို။ဒါပေမယ့် လိင်ရမ္မက်တစ်ခုနဲ့တင် သူတို့အချစ်ရေးလမ်းကြောင်းဟာ ထာဝရအဆင်ပြေချောမွေ့မယ်လို့ ထင်ပါသလား။Aliceဟာ Adamရဲ့ ရှု ပ်ထွေးခဲ့ပုံရတဲ့ အတိတ်တွေကို ဖြည်းညှင်းစွာသိရှိလာခဲ့တယ်။အဲဒီထဲမှာခုလို လိင်ရမ္မက်ပြသာနာတွေနဲ့ သေဆုံးသွားတဲ့မိန်းမတစ်ယောက်အကြောင်းလည်းပါလာတယ်။ထိုအခါမှာ Adamအပေါ်ထိတ်လန့်လာတော့တယ်။ [သမားရိုးကျ Sex Scene အသားပေး Erotic Thriller ရုပ်ရှင်တကားဖြစ်ပြီး ယင်းလိုဇာတ်ကားတွေသဘောကျလေ့ရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ညွှန်းပေးလိုက်ခြင်းဖြစ်ပါတယ်။အပျင်းပြေ ကြည့်ပျော်ရှု့ ပျော်ရှိပါတယ်လို့ ပြောလိုပါတယ်] ညီလင်းအိမ်(ရုပ်ရှင်အညွှန်းကို Ko Nyi Linn Eain Facebook မှကူးယူဖော်ပြပါသည်။)
File size…(900 MB) and (420 MB)
Quality….Blu-Ray Rip 720p
Format…mp4
Duration….01:44:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB
Translated by Hein Zaw

Download >>>
Openload 900mb

Openload 420mb

Comments

Post a Comment