The Concubine (2012) - Goldchannel #00016

Related image

ငယ်စဉ်က
အတူကြီးပြင်းလာခဲ့တဲ့ ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်

ဟွယွန်ကို ငယ်စဉ်ကတည်းက
စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ် အမတ်ကြီးသမီးနဲ့ ချစ်မိလို့ ယောက်ျားစစ်စစ်ဘ၀ ဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ၀င်ရောက်လာသူ ကွမ်ယို

အာဏာမက်မောလွန်းတဲ့အတွက်
လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီး

အဲဒီ ဇာတ်ကောင်တွေ ဦးဆောင်တဲ့ဒီဇာတ်ကားဟာ
အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ။ အာဏာဟာ လူတွေကို ဘယ်လောက် စေစားနိုင်လဲ ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ ။

ဒီကားက ဇာတ်လမ်းအသားပေး Drama ကားဆိုပေမယ့် တစ်ချို့အခန်းတွေကြောင့် 18+++ ဖြစ်ပါတယ်။
Ps; အရင်က ဒီရုပ်ရှင်ဟာ ပြသချိန် ၁ နာရီ ၃၃ မိနစ်ပဲ ရှိတယ် ။
ယခု ဗားရှင်းမှာတော့ ပြသချိန်ဟာ ၂ နာရီအထိ ရှည်သွားတယ် ။ တစ်ချို့အခန်းတွေ ထပ်တိုးလာတာကို သတိပြုမိဖို့ လိုပါတယ် ။

review – wai linn kyaw
Encoded Aung Myint Oo


Comments