My Phone Sex Partner ဆိုတဲ့ ဒီကိုရီးယားဇာတ်ကားက IMDb(6.9) ထိ Rating ရရှိထားတဲ့ Romantic Comedy ဇာတ်ကားလေးပါ။
Phone Sex အပြောအဆိုတချို့နဲ့ အဖော်အချွတ်ဇာတ်ဝင်ခန်းတချို့ကြောင့်သာ မိသားစုနဲ့ မကြည့်သင့်လို့ 18+ ခေါင်းစဉ်တပ်လိုက်ရပေမယ့် အချစ်ဇာတ်ကားသန့်သန့်လေးလို ခံစားရမဲ့ အနေအထားမျိုးပါ။
ဇာတ်လမ်းအညွှန်းကိုတော့ ဘာသာပြန် Ye Kyaw Htet ရဲ့ခံစားမှုလေးနဲ့ပဲ မိတ်ဆက်ပေးခဲ့ပါရစေ။
ကျွန်တော်ဟာ ၁၈ အပေါင်းရုပ်ရှင်ကားတွေ ဘာသာပြန်လေ့မရှိပါဘူး…
ဒါပေမယ့် ဒီ ၁၈ အပေါင်းရုပ်ရှင်ကားလေးကိုတော့ စစကြည့်ချင်းမှာပဲ တော်တော်လေးကိုသဘောကျသွားပါတယ်…
ဒီဇာတ်ကားလေးက သာမန် ၁၈ အပေါင်း ဇာတ်ကားတွေနဲ့မတူပဲ ရိုမန့် ဒရမ်မာ ဟာသ အစုံရောသုပ်ထားတဲ့ ဇာတ်ကားဖြစ်နေတာကြောင့်ပါ…
အပြင်လောကမှာပါ ဖြစ်တတ်တဲ့ အကြောင်းတရားတွေကို ပေါ့ပေါ့ပါးပါး ပဲ ရိုက်ကူးတင်ဆက်ထားတယ်…
ဒီတော့ ကြည့်ရှုသူ ပရိတ်သတ်ကြီးအနေနဲ့ ကြည့်ရတာပျင်းစရာကြီးလို့တောင် သတိရမှာမဟုတ်ပါဘူး…
ဇာတ်လမ်းလေးကတော့ မတော်တဆလွဲချော်မှုလေးတစ်ခုကြောင့် လူနှစ်ယောက်တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ယောက်စလုံးမှာလည်း ကြေကွဲစရာ ဖြစ်ရပ်ကိုယ်စီနဲ့ပါ… နှစ်ယောက်သား ရင်းနှီးတာကြာလာတော့ သံယောဇဉ်ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် မသိစိတ်ထဲမှာ ချစ်နေကြရင်းနဲ့ သူတို့ကြားမှာ မမျှော်လင့်ထားတဲ့ အဖြစ်တွေ ဖြစ်ပေါ်လာခဲ့တဲ့ အခါမှာတော့….။
ဒီဇာတ်ကားလေးကို ပရိတ်သတ်ကြီး သဘောကျမယ်လို့ မျှော်လင့်ပါတယ် ၁၈+ ဆိုနေပေမယ့်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပြီး ကြည့်ရတာ တန်ပါတယ်… အားပေးခံစားကြည့်ရှုကြပါဦး။
File Size…(950MB) and (360MB)
Quality…BluRay Rip 720p
Format…mp4
Duration…01:54:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Nyeinsaeya Aung
Translated by Ye Kyaw Htet
Channelmyanmar
- Get link
- X
- Other Apps




Comments
Post a Comment